How To Train Your Dragon

howtotraaainyourdragon How To Train Your Dragon

⭐ 8 • 2025 • 125 min
Action, Adventure, Family, Fantasy
Director Dean DeBlois
Release Date 6/6/2025

How to Train Your Dragon (2025)
IMDb Rating (8.1) / Rotten Tomatoes (77%)
( WEB-DL ကြည်တောက်ရှင်း Update…Audio ပါ Fix ထားပေးပါပြီ ) 2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ပြန်ပါဝင်ထားပါတယ်။ The Black Phone မင်းသား Mason Thames ကတော့ ဟစ်ကပ် နေရာကို ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဘာ့ခ်ဆိုတဲ့ ဗိုက်ကင်းရွာလေးဟာ နဂါးတွေနဲ့ စစ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဦးရာလူဆော်စတမ်း အပြန်အလှန်ချနေကြတာပါ။ ခေါင်းဆောင်ကြီး စတိုးရစ်က နဂါးတွေကို ကောင်းကောင်းတိုက်ခိုက်နိုင်သလောက် သူ့ရဲ့သား ဟစ်ကပ်ကိုတော့ တစ်ရွာလုံးက အထင်မကြီးကြပါဘူး။ ပန်းပဲဖိုမှာနေရင်း တီထွင်တာတွေပဲ လျှောက်လုပ်နေတတ်တဲ့ ငကြောက်လေးအဖြစ်မှတ်ထားကြတာပေါ့။ တစ်နေ့မှာတော့ ဟစ်ကပ်ဟာ နဂါးတွေထဲမှာ အကြမ်းဆုံးဖြစ်တဲ့ နိုက်ဖြူရီကို ပစ်ချလိုက်မိပါတယ်။ နောက်တော့မှ နိုက်ဖြူရီနဲ့ သူငယ်ချင်းတွေ ဖြစ်လာပြီး အတူတူ လေပေါ်ပျံကြတဲ့အထိ ရင်းနှီးလာကြပါတယ်။ နဂါးတွေနဲ့ ဗိုက်ကင်းတွေကြားမှာ နားလည်မှုယူဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ တိုက်ပွဲကြီးဖြစ်လာတဲ့အခါ ဟစ်ကပ်နဲ့ သူငယ်ချင်းတွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ကြည့်ရမှာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top